ရှမ်းခေါက်ဆွဲ ချက်နည်း
------------------------------
(၁၀ ယောက် မှ ၁၅ ယောက်စာ)
------------------------------
(၁၀ ယောက် မှ ၁၅ ယောက်စာ)
ဒီရှမ်းခေါက်ဆွဲချက်နည်းလေးကိုပုံလေးဘဲတင်ပေးထားပြီး ချက်နည်းတင်ပေးမယ်လို့ကတိပေးထားပြီး
မလုပ်ဖြစ်တာ သတိပေးတဲ့အစ်ကိုတစ်ယောက်ကျေးဇူးကြောင့်ဒီညတော့ ချက်ထားတဲ့ Recipe card တွေပြန်ရှာပြီး နောက်ဆုံးအချောချရေးပြီးတင်ပေးလိုက်ပါပြီ။ သတိပေးတဲ့အစ်ကို ကြည်ခိုင်ဇော် ကို
ကျေးဇူးအထူးတင်ကြောင်းဒီနေရာကနေပြောပါရစေခင်ဗျာ။

မြန်မာပြည်အထက်ပိုင်းဒေသအသီးသီးကတစ်ရွာတစ်ပုဒ်ဆန်းဆိုသလို ရှမ်းခေါက်ဆွဲချက်နည်းတွေက
လည်းအမျိုးမျိုးရှိလို့နေပါတယ်။ဒီရှမ်းခေါက်ဆွဲနည်းလေးကိုသင်ပေးတာကတော့ကျွန်တော့်အစ်မတစ်
ယောက်ဖြစ်တဲ့ မသွယ်သွယ်ဝင်းပါ။သူသင်ပြပေးထားတာကတော့မိုးကုတ်ရှမ်းခေါက်ဆွဲလုပ်နည်းလေးပါ။
ချက်နည်းလေးလေ့လာကြည့်ရအောင်။

ပါဝင်ပစ္စည်းများ
ကြက်သားအနှစ်ချက်ရန်
ကြက်သားပေါင်သား ၅၀ သား (အရိုးထုတ်ပြီးသေးသေးနုပ်နုပ်လေးများလှီးထားပါ)
ကြက်သွန်နီ ၅ လုံး (အနှစ်ချက်ဖို့အတုံးသေးသေးလေးများလှီးထားပါ)
ကြက်သွန်ဖြူ ၅ တက် (နုပ်နုပ်စဉ်းထားပါ)
ခရမ်းချဉ်သီး ၁၀ သား (အနှစ်ချက်ဖို့အတုံးသေးသေးလေးများလှီးထားပါ)
မြင်းပျံပဲငံပြာရည် (ထမင်းစားဇွန်း) ၄ ဇွန်း
ရှမ်းပဲငပိအစပ် (ထမင်းစားဇွန်း) ၄ ဇွန်း
သကြား (ထမင်းစားဇွန်း) ၁ ဇွန်း
ရှာကောမှုန့် (လက်ဖက်ရည်ဇွန်း) ၁ ဇွန်း
ပါကောမှုန့် (လက်ဖက်ရည်ဇွန်း) ၁ ဇွန်း
ဆီ (ထမင်းစားဇွန်း) ၃ ဇွန်း

ခေါက်ဆွဲပွဲပြင်ဆင်ရန်လိုအပ်သောပစ္စည်းများ
ရှမ်းခေါက်ဆွဲဖတ် အစို အခြောက်ကြိုက်ရာသုံးနိုင်ပါတယ်
ရှမ်းပဲပုပ်ပြား ၅ ပြား (မီးကင်အမှုန့်ထောင်းထားပေးပါ)
ရှမ်းဆီတို့ဟူး ၁ တုံး (ပန်းကန်လုံးထဲရေနွေးပူပူနှင့်ရောပြီးအနှစ်ဖြစ်အောင်ခြေထားပါ)
နှမ်းဖြူ (လက်ဖက်ရည်ဇွန်း) ၅ ဇွန်း (ပန်းကန်လုံးထဲမှာဆီပူပူအပေါ်မှလောင်းပြီးထားပါ)
ကြက်သွန်ဖြူ ၅ တက် (ရေနည်းနည်းဖြင့်ကြိတ်ထားပါ)
ကြက်သွန်ဖြူကြော် (စားပွဲဇွန်း) ၅ ဇွန်း (အမှုန့်ထောင်းထားပါ)
ကြက်သွန်မြိတ် ၅ ပင် (ပါးပါးလှီးထားပါ)
ရှမ်းချဉ် ၁၀ သား (ပြန်ပြီးသေးသေးလှီးထားပေးပါ)

အနှစ်ချက်နည်း
၁။ ဆီအိုးကိုအပူပေးပြီးကြက်သွန်ဖြူနီများကိုအ၀ါရောင်သမ်းလာသည်အထိဆီသတ်ပါ။
၂။ ကြက်သားများထည့်မွှေပေးပြီး သကြား ပဲငံပြာရည် ပဲငပိတို့ထည့်ပြီးအသားတင်းလာသည်
အထိမွှေပေးပါ။
၃။ ခရမ်းချဉ်သီးများထည့်ပြီး ဆီပြန်လာသည်အထိမကြာမကြာမွှေပေးပါ။
၎။ ကြက်သားဆီပြန်လာလျင် ဟင်းခပ်မှုန့်များထည့်ပါ။ အရသာမြည်းကြည့်ပြီး လိုအပ်သလိုချိန်ဆပြင်
ဆင်ပေးပါ။

ရှမ်းခေါက်ဆွဲပွဲပြင်ဆင်ရန်
၁။ ရှမ်းခေါက်ဆွဲများကို အခြောက်ဖြစ်လျှင် ၁ ည ကြိုတင်ရေစိမ်ထားပါ။ အစိုဖြစ်လျင် မပြုတ်
ခင်နာရီဝက်ခန့်ကြိုတင်ရေစိမ်ထားပါ။
ခင်နာရီဝက်ခန့်ကြိုတင်ရေစိမ်ထားပါ။
၂။ခေါက်ဆွဲပြုတ်ရန်ရေနွေးတစ်အိုးကိုအိုကြီးကြီးဖြင့်တည်ပြီးခေါက်ဆွဲတစ်ပွဲစာအနည်းများစိတ်ကြိုက်ချိန်ဆပြီး ၃ မိနစ်ခန့်စကာဖြင့်စိမ်ပြီးပြုတ်ပါ။ ခေါက်ဆွဲများမကပ်စေရန်ရေနွေးအိုးထဲဆီအနည်းငယ်ထည့်နိုင်
ပါတယ်။
ပါတယ်။
၃။ ပန်းကန်လုံးတစ်လုံးမှာခေါက်ဆွဲကိုတစ်ပွဲစာအရင်ထည့်ပြီးချက်ထားသောကြက်သားအနှစ်ကိုထည့်ပါ။
နောက်မှာ ပွဲပြင်ရန်ပြင်ဆင်ထားသောပစ္စည်းများကိုအနည်းငယ်စီထည့်ပြီးသုံးဆောင်နိုင်ပါပြီ။
နောက်မှာ ပွဲပြင်ရန်ပြင်ဆင်ထားသောပစ္စည်းများကိုအနည်းငယ်စီထည့်ပြီးသုံးဆောင်နိုင်ပါပြီ။
ရှမ်းခေါက်ဆွဲအရည်လုပ်ချင်သူများကတော့ ဟင်းချိုရည်အတွက် ရေနွေးပွက်ပွက်ဆူအောင်အရင်တည်
ပြီး ကြသွန်ဖြူဓားပြားရိုက်ထည့် ကြက်ရိုးထည့်ပြုတ် အရသာအတွက် ဆား သကြား သို့မဟုတ် အရိုးပိုင်းများများထည့်ခပ်ပါ။ နောက်မှပြင်ထားတဲ့ခေါက်ဆွဲပွဲမှာအရည်လောင်းထည့်ပြီးသုံးဆောင်နိုင်
ပါတယ်။
ပြီး ကြသွန်ဖြူဓားပြားရိုက်ထည့် ကြက်ရိုးထည့်ပြုတ် အရသာအတွက် ဆား သကြား သို့မဟုတ် အရိုးပိုင်းများများထည့်ခပ်ပါ။ နောက်မှပြင်ထားတဲ့ခေါက်ဆွဲပွဲမှာအရည်လောင်းထည့်ပြီးသုံးဆောင်နိုင်
ပါတယ်။
မူရင်း = MY FOODIES(mm)
သင့်မိတ်ဆွေများကိုလည်း ပြန် Share ပေးဖို့ မမေ့နဲ့နော်။
ကျေးဇူးတင်ပါတယ်ဗျာ။ ပါကောမှုန့် ဆိုတာ ဘာလဲ မသိပါ။ အင်္ဂလိပ်စကားလား။
ReplyDeleteChinese spices
ReplyDelete