Monday, December 8, 2014

ထောပတ်ထမင်းချက်နည်း


-------------------
အခုဖော်ပြပေး မယ့် ထောပတ်ထမင်း ချက်နည်း ကတော့ အိမ်ချက်ပါ။ ဒါကြောင့် ဆန်ကောင်း နဲ့ ထောပတ် အကောင်း စားများ ကို အသုံးပြု ထားပါတယ်။
ပါဝင်ပစ္စည်းများ
-----------
-ပုသိမ် ပေါ်ဆန်းမွှေး နို့ ဆီဘူး ၄ လုံး (ထမင်းပေါင်းအိုး မှ)
-ထောပတ် ၁၅ကျပ်သား
-ကြက်သွန်နီ ဥကြီး ၁၀သား
-ဖာလာစေ့ ၁၀စေ့
-ကရဝေးရွက် ၃ရွက်
-သစ်ကြပိုးခေါက် ၃ခု
-လေညှင်းပွင့် ၁၀ပွင့်
ဆန် ကို ရေကောင်း စွာ ဆေးပီး ရေစစ် ထားပါ။ ကြက်သွန်နီ ကို ပါးပါးလှီး ပီး နီအောင် ကြော်ပါ။ ဖာလာစေ့ ကရဝေးရွက် သစ်ကြပိုးခေါက် လေညှင်းပွင် များကို ထောပတ် ဆီတွင် ထည့်ပီးဆီသတ်ပါ။ ထိုနောက် ဆန်ကို ထည့်ပီး လှော်ပါ။ ပီးရင်တော့ ထမင်းကို ကြက်သွန်နီကျော် ဖြူးပီး ရေလက် ၂လုံး ပိုထည့် ပီး ပေါင်းအိုး ထဲတွင် ထည့်ချက်ပါ။
မေမေ့ လက်ရာ
NY (The One)

No comments:

Post a Comment