Sunday, December 7, 2014

ထိုင်းကြက်ဟင်းစိမ်း (Thai Green Curry with Chicken)

ထိုင်းကြက်ဟင်းစိမ်း (Thai Green Curry with Chicken)
ဟင်းစိမ်းအနှစ်ပြုလုပ်နည်း
-အစိမ်းရောင်ငရုတ်သီအရှည်တောင့် ၇တောင့်
-အပြင်အခွံဖယ်ပီးစပါလင် ၂ချောင်း (အစိတ်သေးသေးလှီးပါ)
-နံနံပင်အရွက်လက်တစ်ဆုပ် (အရိုးမပါ)
-ထိုင်းပင်စိမ်းလက်တစ်ဆုပ်
-ကြက်သွန်နီဥသေးတစ်လုံး
-နံနံစေ့တစ်ဇွန်း(လက်ဖက်ရည်ဇွန်း)
-ဖာလာစေ့တစ်ဇွန်း(လက်ဖက်ရည်ဇွန်း)
-အရွယ်အနေတော် ဂျင်းတစ်တက် (အခွံနွာပါးပါးလှီ)
-ပဒဲကော လက်မအရွယ်တစ်တက် (အခွံနွာပါးပါးလှီး)
-ကြက်သွန်ဖြူ ၄မွာ (အခွံနွာပါးပါးလှီး)
-ပုဇွန်ငပိ တစ်ဇွန်း(လက်ဖက်ရည်ဇွန်း)
-သံပုရာရွက် (သို) တောရှောက်ရွက် ၄ရွက်
ပါဝင်သော အရာများကို ငရုတ်ဆုံထဲ့ တွင်ထည့်ထောင်း (သို)ကြိတ်စက်ထဲတွင်ရေအနည်းငယ်ထည့်၍ညက်သည်အထိကြိတ်ပါ။ ထိုအသင့်ချက်အနှစ်ကို လုံခြုံစွာထုတ်ပီး ရေခဲ သစ်တာထဲတွင်အများဆုံး၃ ပတ်ထိထား၍စားသုံးနိုင်ပါသည်။

- အရိုးလွတ်ကြက်ပေါင်သား (သို) ကြက်ရင်ပုံ ၅၀ကျပ်သား
-ခရမ်းသီးအနေတော်၁လုံး (ပါးပါးစိတ်ပေးပါ)
-ပဲဆီ ၄ဇွန်း (လက်ဖက်ရည်ဇွန်း)
-ပါးပါးလှီးထားသည့်ကြက်သွန်နီအသေး၂ လုံး
-ဟင်းစိမ်းအနှစ် ၃ဇွန်း (လက်ဖက်ရည်ဇွန်း)
-ငံပြာရည်၂ဇွန်း (လက်ဖက်ရည်ဇွန်း)
-အချိုမှုန့် (သို) ကြံသကာမှုန့် (သို)သကြား ၂ဇွန်း (လက်ဖက်ရည်ဇွန်း)
-သံပုရာအရွက်၁ရွက်၊ငရုတ်သီးအနီ၁လုံး၊ပင်စိမ်းရွက်အနည်ငယ် (ဟင်းအပေါ်တွင်ဖြူးရန်)
-အုန်းနို့ ၄၀၀ ml(အုန်းနို့ ရှောင်သူများနို့ စိမ်းကိုသုံးနိုင်ပါတယ် ဒါပေမယ် အရသာနှင့်အနံကွာပါတယ်)
မီးဖိုပေါ်တွင် ဒယ်အိုးကိုဆီထည့်ပီးတင်ထားပါ၊ ဆီပူလာလျှင်ပါးပါးလှီးထားတဲကြက်သွန်ထဲ့ပါ။ ကြက်သွန်အရောင်ပြောင်းလာရင်ဟင်းစိမ်းအနှစ်ကိုထည့်ပါ။ ဟင်းစိမ်းအနှစ်ခြောက်လာသည်အထိ ကျော်ပေးပါ (ဒီအဆင့်တွင် မတူးမကပ်အောင်ဂရုစိုက်ပေးပါ)။ ထိုနောက်ကြက်သားတုံးလေးများကိုထည့်ပီးအနှစ်နှင့်သမအောင်မွှေပေးပါ။ အသားတုံးများအပြင်ပန်းတင်းလာလျှင်လှီးထားသောခရမ်းသီးငံပြာရည်အုန်းနို့ အချိုမှုန့် (သို)သကြား ထည့်ပီးမွှေပေးပါ။ မီးလျှော့ပီးအနှစ်ပျစ်လာသည်အထိချက်ပေးပါ။ အသားအရွက်နူးပြီး အနှစ်ပျစ်လျှင် ငရုတ်သီးအနီ ပင်စိမ်းအရွက် နှင့် သံပုရာရွက်အုပ်၍စားနိုင်ပါတယ်။ ယခုဖော်ပြပေးထားတာကတော့ပျမ်းပျှ၆ယောက်စာပါခင်ဗျာ။
(အမဲသား၊ဝက်သား၊ပင်လယ်စာ နှင့် ရွှေဖယုံသီး၊ငရုတ်ပွသီး၊ပဲသီး၊ခရမ်းကြွပ်သီးများနှင့်လည်းချက်ပြုတ်နိုင်ပါတယ်)

No comments:

Post a Comment